Local News

မုံရွာကုန်စည်ဒိုင်၏ အရောင်းအဝယ်ဖြစ်လျှက်ရှိသော ပဲမျိုးစုံဈေးနှုန်းများ၏ ယခင်တစ်ပတ်နှင့်ယခုတစ်ပတ်နှိုင်းယှဉ်မှုအခြေအနေ

Last Updated:

ပဲကြီး

နိုဝင်ဘာလဒုတိယပတ် ပဲကြီးပေါက်ဈေးနှုန်းသည် ပဲကြီး တစ်တင်းလျှင် (၇၈၀၀၀-၇၉၀၀၀) ကျပ်နှုန်းဖြစ်ပြီး ယခင်တစ်ပတ်ကာလတူပေါက်ဈေး နှုန်းမှာ ပဲကြီး တစ်တင်းလျှင် (၇၈၀၀၀-၇၉၀၀၀) ကျပ်ရှိ၍ ယခုတစ်ပတ် ကာလတူပေါက်ဈေးဖြင့် နှိုင်းယှဉ်ပါက ပဲကြီး ဈေးငြိမ်နေကြောင်းသိရပါ သည်။

ပဲစဉ်းငုံ

ပဲစဉ်းငုံသီးနှံ တစ်တင်းပေါက်ဈေးနှုန်းမှာ (၆၀၀၀၀) ကျပ်နှုန်းဖြစ်ပြီး ယခင်တစ်ပတ်ကာလတူ ပေါက်ဈေးနှုန်းမှာ (၅၅၀၀၀) ကျပ်ရှိ၍   ယခုတစ်ပတ်  ကာလတူအချိန်နှင့်နှိုင်းယှဉ်ပါက (၅၀၀၀) ကျပ်ခန့် မြင့်တက်လာကြောင်းသိရပါသည်။

မတ်ပဲ

မတ်ပဲသီးနှံ တစ်တင်းပေါက်ဈေးနှုန်းမှာ (၅၆၀၀၀) ကျပ်နှုန်းဖြစ်ပြီး ယခင်တစ်ပတ်ကာလတူ ပေါက်ဈေးနှုန်းမှာ (၅၈၀၀၀) ကျပ်ရှိ၍   ယခုတစ်ပတ်   ကာလတူအချိန်နှင့်နှိုင်းယှဉ်ပါက (၂၀၀၀) ကျပ် ကျဆင်းသွားကြောင်းသိရပါသည်။

ပဲတီစိမ်း

ပဲတီစိမ်းပေါက်ဈေးနှုန်းများမှာ တစ်တင်းလျှင် (ကြီး)  (၄၃၀၀၀-၄၆၀၀၀)ကျပ်၊ ပဲတီစိမ်း(သေး) တစ်တင်း (၃၈၀၀၀-၄၀၅၀၀)ကျပ် ယခင်တစ်ပတ် ကာလတူအချိန် ပေါက်ဈေးနှုန်းမှာ ပဲတီစိမ်း(ကြီး) တစ်တင်း (၄၀၀၀၀-၄၃၅၀၀)ကျပ်၊ ပဲတီစိမ်း(သေး) တစ်တင်း (၃၉၀၀၀-၄၁၀၀၀)ကျပ်ရှိပါသည်။ ယခုတစ်ပတ် ကာလတူ ပေါက်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ပဲတီစိမ်း (ကြီး) တစ်တင်းလျှင် (၂၅၀၀)ကျပ်ခန့် မြင့်တက်လာပြီး၊ ပဲတီစိမ်း (သေး) တစ်တင်းလျှင် (၅၀၀)ကျပ်ခန့် ကျဆင်းကြောင်းသိရပါသည်။

ကုလားပဲ(မျိုးစုံ)

ကုလားပဲမျိုးစုံ တစ်တင်းလျှင် ကုလားပဲဖြူလုံးကြီး (၆၃၅၀၀)ကျပ်၊ ကုလားပဲဖြူလုံးသေး (၆၃၅၀၀)ကျပ်၊ 929  (၅၈၇၀၀) ကျပ်ပေါက်ဈေးရှိပြီး ယခင်တစ်ပတ်ကာလတူပေါက်ဈေးနှုန်းများမှာ ကုလားပဲဖြူလုံးကြီး (၆၅၀၀၀) ကျပ်၊ ကုလားပဲဖြူလုံးသေး(၆၅၀၀၀) ကျပ်၊ 929 တစ်တင်း လျှင် (၆၀၀၀၀) ကျပ်ပေါက်ဈေးရှိ၍ ယခုတစ်ပတ် ကာလတူပေါက်ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက ကုလားပဲ(မျိုးစုံ) ဈေးနှုန်းများ ယခုတစ်ပတ်တွင် ဈေးအနည်း ငယ်ကျဆင်းလာကြောင်း သိရပါသည်။

ပြောင်းဖူးစေ့(CP)၊  ဆန်ပြောင်းဖြူ

ယခုတစ်ပတ် ပြောင်းဖူးစေ့(စီပီ)တစ်တင်း (၁၉၅၀၀)ကျပ်ပေါက်ဈေးရှိပြီး ယခင်တစ်ပတ်ကာလတူအချိန်တွင် ပြောင်းဖူးစေ့(စီပီ)တစ်တင်း (၁၉၂၀၀) ကျပ်ရှိ၍ ယခုတစ်ပတ် ကာလတူအချိန်နှင့် နှိုင်းယှဉ် ပါက ပြောင်းဖူးစေ့(စီပီ)ဈေးနှုန်း အနည်းငယ်မြင့်တက်လာရခြင်းမှာ ဒေသတွင်း မွေးမြူရေး လုပ်ငန်းများမှ အဝယ်လိုက်လာခြင်းကြောင့်ဖြစ်ပါသည်။

ဇေယျာကုန်သွယ်မှုဗဟိုဌာန

 
Category: Local News